မုံရွာ၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံ(ချည်မျှင်ရှည်ဝါ၊မတ်ပဲ၊ နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့များဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကို မေလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ ခရိုင်နှင့်ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာမှ ဒေသခံတောင်သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အနေဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး အတွက် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံမှ စီမံဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင် ငံတော်အတွက် အဓိကအရေးကြီးသည့် သီးနှံ(၁၃)မျိုးနှင့် ဆီထွက်ပဲပုပ်သီးနှံကိုလည်း ထပ်မံထည့်သွင်းကာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ အား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်လေးမျိုးအား သေချာစနစ်တကျ ဆောင်ရွက်သွားမည် ဆိုပါက သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်အတိုင်း သီးနှံများ ထွက်ရှိနိုင်မည်ဖြစ်ပြီး တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံစေမည် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ပိုင်ဆိုင်ထားသည့် ရေခံမြေကောင်းများ၊ အရင်းအမြစ်များအား အသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအား အခြေခံသည့် ကုန်ချောထုတ် စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကိုလည်း တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ချည်မျှင်ရှည်ဝါ စိုက် ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင် အတွင်းရှိ ကျေးရွာ ၄၇ ရွာမှ ဒေသခံတောင်သူ ၃၂၀ ဦးအတွက် မိုးသီးနှံ ချည်မျှင်ရှည်ဝါ၊ မတ်ပဲ၊နေကြာမျိုးစေ့များအား ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများမှ အဆိုပါရုံးဝန်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများ၏ သဘာဝပိုးသတ်ဆေးပြု လုပ်သုံးစွဲနည်း သရုပ်ပြသမှု၊ ဇီမီးသွေး(Biocher)ထုတ်လုပ် ခြင်းနှင့် စပါးခွံပေါင်းခံရည် (Rice Husk Vineger)ပြုလုပ်သုံးစွဲနည်း သရုပ်ပြသမှုများနှင့် သီးနှံကာကွယ်ရေးဌာနခွဲ ပြ ခန်း၊ မျိုးစေ့ဌာနခွဲပြခန်း၊ မြေအသုံးချရေးဌာနခွဲပြခန်းနှင့် ပျားလုပ်ငန်းဦးစီးဌာနပြခန်းများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20260515 01

20260515 01

20260515 01

20260515 01

20260515 01