မုံရွာ၊ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်း နေအရွယ်ကလေးတိုင်း ကျောင်းအုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် တန်းစဉ်ကူး ပြောင်းမှု ပိုမိုတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မေလ ၁၉ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ စစ်ကိုင်း ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စစ်ကိုင်းခရိုင်အတွင်းရှိ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ အတန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းပြည့်မီ ရေး၊ ကျောင်းသား၊ကျောင်းသူအားလုံး အနည်းဆုံးအလယ်တန်းပညာ(KG+9) ပြီးမြောက် စေရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူများမှ မိမိတို့ ၏ကျောင်းများ၊ စာသင်ခန်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝန်းနှင့် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ရပ်အဖြစ် ဖန် တီးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်/ရပ်ကွက် /ကျေးရွာများရှိ အခြေခံပညာကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စစ်ကိုင်းခရိုင် ပညာရေးမှူးနှင့် မြင်းမူမြို့နယ်၊ မြောင်မြို့နယ် ပညာရေးမှူးများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေး လုပ်ငန်း များကြိုတင်စီမံ ဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260521 01

20260521 01

20260521 01

20260521 01

20260521 01

20260521 01