မုံရွာ၊ ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် (Job-Ready Skills)သင်တန်း ဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ငွေရတုခန်း မတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ဌာ နမှူးများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယခုသင်တန်းဖွင့်လှစ်ရခြင်းအနေ ဖြင့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် အသိ ပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ရရှိစေရန်နှင့် အခြေခံ ကြသည့် စားရင်းဇယားအချက်အလက်များ စုစည်းခြင်း၊ ရေးသွင်းခြင်း တွက်ချက်မှုများ အား ကွန်ပျူတာဖြင့် ပေါင်းစပ်အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင် တန်းသား၊သင်တန်းသူများအနေဖြင့် လုပ်ငန်းခွင်များသို့ ရောက်ရှိသည့်အခါ ကျွမ်းကျင်မှု အပြင် အလုပ်အေပါ် သစ္စာရှိခြင်း၊ အကျင့် စာရိတ္တကောင်းမွန်ခြင်းနှင့် စည်းကမ်းလိုက်နာ ခြင်းတို့အား အလေးထားပြီး မိမိတို့ဘဝများအား မြှင့်တင်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဒေသများဖွံ့ဖြိုးတိုး တက် အောင်ကြိုးစားသွားကြရန်နှင့် မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် မိမိဒေသ၊မိမိနိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းအား အကျိုးပြုနိုင်သည့် အောင်မြင်သည့်သူများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်းပြောကြား သည်။    

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မုံရွာစီးပွားရေးတက္ကသိုလ်၊ ပါမောက္ခ ချုပ်မှ အမှတ်တရ လက်ဆောင်ပစ္စည်းအားပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်း သား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကအပြည့်အဝစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ ရာသီအလိုက်စိုက်ပျိုးသွားမည့် အဓိကသီးနှံ ၁၃ မျိုးနှင့် ဆီထွက်ပဲပုပ် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကများ အပြည့်အဝစိုက်ပျိုးသွားရေး အတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ပူးပေါင်းချိတ် ဆက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့်လည်း တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ဖြစ်ထွန်းရေးအတွက် တောင်သူများလိုအပ်သည့် စိုက်ပျိုးရေ၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ မျိုးစေ့ချ ကိရိယာများ၊ ဓါတ်မြေဩဇာများနှင့် စက်သုံးဆီများအား အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ကာ တောင်သူများလက်ဝယ် ပို့ဆောင်ပေးလျက် ရှိပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း တိုင်းဒေသကြီးအတွင်း စိုက်ဧကအပြည့်အဝစိုက်ပျိုးသွားရေးနှင့် သီနှံများအထွက်နှုန်းတိုးတက်ရေးတို့အတွက် လိုအပ်သည်များ ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ခုနှစ်၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ဧကအပြည့်အဝစိုက် ပျိုးနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

20260609 08

20260609 08

20260609 08

20260609 08

20260609 08